Sunday, 3 May 2015

ရေဖျင်းဆွဲရောဂါ ခံစားနေရသည့် ကလေးငယ်အတွက် ဆက်လက်၍ စေတနာရှင်များ၏ အကူအညီလိုအပ်နေ

တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၊ ယာမြေကုန်းတွင် နေထိုင်သူ ဦးအောင်စန်းလင်း နှင့် ဒေါ်လေးကြည်တို့၏သား အသက်(၇)နှစ်ရှိ မောင်နေလင်းအောင်သည် အသဲရောဂါမှ တဆင့် ရေဖျင်းရောဂါသို့ ဆက်လက်ဖြစ်ပွားပြီးနောက် ဆေးဝါး ကုသရန်အတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်းကို တာချီလိတ်သတင်းအေဂျင်စီတွင် မေလ(၁)ရက်နေ့က သတင်းဖော်ပြခဲ့ပြီးနောက် စေတနာရှင် အလှူရှင်များမှ လှူဒါန်းလာလျက်ရှိပြီး ဆက်လက်၍လည်း စေတနာရှင် အလှူရှင်များ၏ အကူအညီများအား လိုအပ်နေလျက်ရှိကြောင်း သိရသည်။

မေလ(၁)ရက်နေ့မှ ယနေ့ မေလ(၃)ရက်နေ့အထိ ပါဝင်ကူညီလှူဒါန်းလာကြသည့် စေတနာရှင် အလှူရှင်များမှာ..
၁) ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း ( ကဖေးနှင့်အအေး စားသောက်ဆိုင် ) မိသားစုမှ (၅၀၀၀)ဘတ်
၂) ဦးစိုင်းဆိုက် + ဒေါ်နန်းကျောက်(ခ)မမ ( Golden Star အုတ်လုပ်ငန်း ) မိသားစုမှ (၃၀၀၀)ဘတ်
၃) ဦးမြင့်ဦး(မုတ်ဆိတ်) + ဒေါ်နန်းသောင်း မိသားစုမှ (၂၀၀၀)ဘတ်
၎) ၀မ်းမိုဘိုင်း ( ဖုန်းအမျိုးမျိုးနှင့် ဖုန်းအပိုပစ္စည်း အရောင်းဆိုင်) မိသားစုမှ (၂၀၀၀)ဘတ်
၅) ဒေါ်ပပလှိုင် ( အ.မ.က - ခုတ်ဝ ) မှ (၁၅၀၀)ဘတ်
၆) မရွှေရည်ဝင်း နှင့် ညီမ (အလင်းရောင်ပရဟိတအသင်း) မှ (၁၃၀၀)ဘတ်
၇) ကိုအောင်ဆန်းဝင်း (ခ) ကိုမောင်ဝင်း  နှင့် သား မောင်အောင်ဆန်းဦး တို့မှ (၁၂၀၀)ဘတ်
၈) ဒေါ်နန်းဖြူနှင်း ( ဖြူစင် သင်္ကန်းတိုက် ) မှ ( ၁၀၀၀ )ဘတ်
၉) ဦးစိုင်းဝဏ္ဏထွန်း + ဒေါ်နန်းရှဲန်ယုန်း မိသားစုမှ ( ၁၀၀၀ ) ဘတ်
၁၀) ပီစိုင်း + မနန်းလှရင် မိသားစုမှ (၁၀၀၀)ဘတ်
၁၁) ကိုသူရဇော် မိသားစု မှ (၂၀၀)ဘတ်
၁၂) မနှင်းဝေ မှ (၁၀၀)ဘတ်
၁၃) မမူမူခိုင် မှ (၁၀၀)ဘတ်
၁၄) မစန်းမြင့် မှ (၁၀၀)ဘတ်
တို့ဖြစ်ရာ လတ်တလောတွင် စုစုပေါင်း (၁၉၅၀၀) ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။
အလှူရှင်များမှ လှူဒါန်းနေလျက်ရှိပြီး ကလေး၏ ရောဂါ အခြေအနေမှာ ဆက်လက်ကုသရန်အတွက် စေတနာရှင်များ၏ ကူညီမှုများ လိုအပ်နေလျက်ရှိကြောင်း၊ ကလေး၏ ၀မ်းဗိုက်အတွင်းရှိ အရည်များကို ကျောမှတဆင့် ထုတ်ယူနေရကြောင်း နှင့် ကလေး၏ ရောဂါအခြေအနေများကို ပိုမိုတိကျစွာ သိရှိနိုင်ရန်အတွက် စစ်ဆေးမှုများကို ချင်းရိုင်းဆေးရုံမှ ဆောင်ရွက်နေလျက်ရှိရာ မေလ(၄)ရက် ညနေပိုင်းမှ အတိအကျ သိရနိုင်မှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ကူညီပေးနေသည့် ကရုဏာ နာရေးကူညီမှုအသင်း(ချင်းရိုင်း)မှ မဖြူဖြူသန်း၏ ပြောကြားချက်အရ သိရသည်။

"ကလေးရဲ့ အဖေကလည်း လက်လုပ်လက်စားသမားဆိုတော့ အဆင်မပြေဘူး၊  ကလေးကလည်း ငယ်ရွယ်သေးတော့ ချင်းရိုင်းမှာပဲ အမြန်ဆုံး သွားကုလိုက်ကြတယ်၊ ကျွန်တော်တို့ အသင်းအနေနဲ့ကတော့ အခုလို စေတနာရှင်များက ပါဝင်လှူဒါန်းထားသမျှတွေကို လက်ခံပြီးတော့ ကလေးဆေးကုသဖို့ အတွက် ဒီကနေ ပြန်ပို့ပေးနေပါတယ်... "ဟု အလင်းရောင်ပရဟိတအသင်း ဒုဥက္ကဌ ဦးနိုင်စိုးမှ ပြောသည်။

အဆိုပါ ကလေးနှင့် ပတ်သက်၍ ဆေးဝါးကုသရန်အတွက် စေတနာရှေ့ထားက မိမိတို့ တက်နိုင်သမျှ ပါဝင် ကူညီလှူဒါန်းလိုသူများ အနေဖြင့် အောက်ပါ ဆက်သွယ်ရန် လိပ်စာများတဆင့် ဆက်သွယ် လှူဒါန်းနိုင်မှာဖြစ်ပါသည်။

သူရိယ - သင်္ကန်းတိုက်
ဦးအောင်ဖြိုးရှိန် (မြို့နယ်သတင်းထောက် )
မြန်မာဖုန်း။ ။ 094-3136431
ထိုင်းဖုန်း ။ ။ 0897558729
အကောက်ခွန်ရုံးဘေး(မျက်စောင်းထိုး)၊ ဗိုလ်ချုပ်လမ်း၊ ၀မ်ကောင်းရပ်၊ တာချီလိတ်မြို့။

အလင်းရောင်ပရဟိတအသင်း
ဦးမြင့်ဦး(ဥက္ကဌ)
မြန်မာဖုန်း 0936107719

ဦးနိုင်စိုး(ဒုဥက္ကဌ)
ထိုင်းဖုန်း။ ။0831532542
မြန်မာဖုန်း။ ။ 0936076220

အလင်းရောင်ပရဟိတအသင်းရုံး၊ ဗိုလ်ချုပ်လမ်းမဘေး၊ ၀မ်းမိုဘိုင်း ဖုန်းဆိုင်အနီး၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။


0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate