Friday, 15 May 2015

ကိုးကန့်စစ်ပွဲတွင် အရပ်သား ၅ ဦး ဒဏ်ရာရမှု တရုတ်ကန့်ကွက်


တရုတ်-မြန်မာနယ်စပ်မှာ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေရာမှာ မေ ၁၄ ရက်က တရုတ်နယ်မြေထဲ လက်နက်တွေကျလို့ အရပ်သား ၅ ဦး ဒဏ်ရာရရှိသွားတာကို တရုတ်အစိုးရ က ကန့်ကွက်လိုက်ပါတယ်။

ဘယ်အဖွဲ့လက်ချက်လဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေမယ့် မြန်မာ စစ်တပ်က အမြောက်တွေ ပစ်ခတ်တိုက်ခိုက်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဟွာချွန်ရင်းက ဒီဖြစ်ရပ်အတွက် မကျေမနပ် ဖြစ်ရတယ်လို့  မေ ၁၅ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “ဒီကိစ္စကို စုံစမ်းနေပါတယ်။ အားလုံးကို သုံးသပ်ချက်တွေ အခြေခံပြီးတော့ တရုတ်က တုံ့ပြန်မှု လုပ်သွားမှာပါ” လို့ သူက ပြောပါတယ်။

အလားတူအဖြစ်မျိုးမဖြစ်ဖို့၊ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ သက်ဆိုင်တဲ့သူတွေအားလုံး အခြေအနေကို တည်ငြိမ်အောင်လုပ်ဆောင်ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းဖို့လည်း တရုတ်က မြန်မာကို တိုက်တွန်းလိုက်ပါတယ်။

လက်နက်ကြီးကျည်က အနီးအနားတောင်တန်းဆီက ကျလာတာဖြစ်ပြီး ၀မ်မင်ဇင်ကို မေ ၁၄ ရက် ဒေသစံတော်ချန် ည ၈ နာရီခွဲလောက်က ထိမှန်ခဲ့တယ်လို့  ကိုးကန့်နဲ့ ၅ ကီလိုမီတာ အကွာ နယ်စပ်မြို့ နန်ဆန်က ဒေသခံတွေက ပြောပါတယ်။

လင်ကန်း ခရိုင်အရာရှိကတော့ တရုတ်ဒေသခံ ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး ဒဏ်ရာရပြီး ဆေးရုံပို့ဆောင်ခဲ့သလို ကား ၃ စီးနဲ့ အိမ် ၄ လုံးပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံ ကျောင်းဆရာမ ၀မ်ဟိုင်ယန်ကတော့ လက်နက်ကြီကျည်တလုံးက စားသောက်ဆိုင်ကို ကျော်ပြီး ကျလာသလို မေ ၁၅ ရက်မနက်ပိုင်းအထိ ကိုးကန့်နဲ့ မြန်မာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ပြောပါတယ်။

ဘီဂျင်းသတင်းကလည်း  ဇန်ကန်း ပြည်သူ့ ဆေးရုံမှာ လူ ၅ ဦး လက်နက်ကြီး ဒဏ်ရာကြောင့် ရောက်လာတယ်လို့ အတည်ပြုပါတယ်။

ဒဏ်ရာက ပြင်းထန်ပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရသလို အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးကတော့ အသေးစားဒဏ်ရာတွေပဲရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း မြန်မာစစ်လေယာဉ်တွေ ကြဲချခဲ့တဲ့ဗုံးကြောင့်  ယူနန်ပြည်နယ်က  တရုတ်ရွာသား ၅ ဦး သေဆုံး ၈ ဦး ဒဏ်ရာရသွားခဲ့တဲ့အတွက် တရုတ်က အပြင်းအထန် ကန့်ကွက်ခဲ့လို့ မြန်မာအစိုးရက လျော်ကြေးပေးပြီး တရားဝင် သွားရောက် တောင်းပန်ခဲ့ရပါတယ်။

မြန်မာ စစ်တပ်ပိုင် မြ၀တီသတင်းကတော့  မြန်မာတပ်မတော်က ကိုးကန့် တပ် စွဲထားတဲ့ ပွိုင့် ၂၂၀၂ တောင်ကုန်းကို မေလ ၁၄ ရက် ညက သိမ်းပိုက်ရရှိခဲ့ပြီး   အရာရှိစစ်သည် အချို့ ဒဏ်ရာရကာ  ကို့ကန့် ဘက်က ၁၉ ဦးသေဆုံး သွားတယ်လို့  ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate