Friday, 15 May 2015

မင်းပြားတွင် မီးလောင်၍ ဆန်စက်၊ သစ်စက်များနှင့် လူနေအိမ်များ မီးထဲပါ

Minbya fire
မင်ပြား၊ မေလ ၁၅
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယနေ့ နံနက် အစောကြီးက မီးလောင်မှု ဖြစ်ပွားရာ ဆန်စက်၊ သစ်စက် အပါအ၀င် အနည်းဆုံး အဆောက်အဦး ၂၃ လုံးမီးထဲပါသွားကြောင်း သတင်း ရရှိသည်။
“ အဲဒါက တိတိကျကျ မရသေးပါဘူး။ အတည်ပြုချက် ရယူနေပါတယ်။ အဆောင်တွေ အပါအ၀င် အိမ်က ၂၃ ဆောင် မီးထဲပါသွားပါတယ်။ ဆန်စက် က စုစုပေါင်း ၈ လုံး မီးလောင်သွားပါတယ်။ အခု စာရင်းကောက်တုန်း ဖြစ်နေသေးတဲ့ အတွက် အသေးစိတ် မပြောနိုင်သေးပါဘူး” ဟု မင်းပြားမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျ ရဲအရာရှိက နိရဉ္စရာသို့ ပြောကြားသည်။
မီးမှာ နံနက်အစောကြီး ၁ နာရီကျော်တွင် စလောင်ပြီး နံနက် ၃ နာရီခွဲ၊ ၄ နာရီခန့်တွင် မီးညွှန့်ကျိုးကျသွားခဲ့သည်ဟု မျက်မြင်များက ပြောသည်။

မီးဘာကြောင့် စလောင်သည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ စာရင်းလည်း ကောက်ယူနေတုန်း ဖြစ်နေသဖြင့် ဆုံးရှုံးမှု တန်ဖိုးကို မသိရသေးကြောင်း၊ ရဲအရာရှိက ဆက်လက် ပြောကြားသည်။
ဒေသခံတစ်ဦးဖြစ်သူ ဦးသိန်းဇံက “ တစ်နာရီကျော်ကနေ ဆန်စက်တန်းက စလောင်တာပါ။ ဆန်စက်က အကုန်လုံးလောင်သွားပါတယ်။ သစ်စက်တွေ သစ်ဆိုင်တွေလည်း ပါသွားပါတယ်။ ဈေးဆိုင်နဲ့ လူနေအိမ်တွေလည်း ပါသွားပါတယ်” ဟု ပြောသည်။
ယခု မီးနှင့် ပတ်သက်ပြီး ပေါ့ဆီမီးလိုလို ရှို့မီးလိုလို သတင်းထွက်ပေါ်နေသည်ဟု သိရသည်။
မင်းပြားမြို့နယ် မီးသတ်တပ်ဖွဲ့က လာရောက် မီးငြိမ်းသတ်သော်လည်း မီးလောင်သည့်နေရာမှာ ချောင်းတစ်ဘက်ကမ်း ဦးစောတင့် ရပ်ကွက်တွင် ဖြစ်နေသဖြင့်  မြို့ထဲကနေ၍ မီးငြိမ်းသတ်ရသဖြင့် ပိုမို လောင်ကျွမ်းသွားခြင်း ဖြစ်ကြောင်း ဦးသိန်းဇံက ပြောဆိုသည်။
Ref: http://www.narinjara.com/burmese/?p=14338&utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+NarinjaraNews+%28Narinjara+News+Online%29

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate