Wednesday, 3 June 2015

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းတွင် ဥရောပ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ပြည်ပ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရရှိရန် မျှော်မှန်းထား

textile
ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ အထည်ချုပ် လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ၏ လိုက်နာ ကျင့်သုံးရမည့် ကျင့်ဝတ် စည်းကမ်းများကို နှစ်သက် သဘောကျကာမြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အဖွဲ့ဝင် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ကတိပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းများ အနေဖြင့်လည်း ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွက်အထည်ချုပ် လုပ်ငန်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း အထည်ချုပ် လုပ်ငန်းများမှသိရသည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ အထည်ချုပ် လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ၏ အဖွဲ့ဝင် ကုမ္ပဏီများတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းအနေဖြင့် ယခုနှစ်အတွင်း အဖွဲ့ဝင် ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ပြီး အဖွဲ့ဝင် ကုမ္ပဏီများ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စည်းကမ်းများကို ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးမှုများ အရ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလအတွင်း အချက် ၁၁ ချက် ပါဝင်သည့် စည်းကမ်းချက်များကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဥရောပ သမဂ္ဂ ပြည်ပလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ၏ လိုက်နာကျင့်သုံးရမည့် အချက် ၁၁ ချက်ထဲမှ ကလေးအလုပ်သမားများ လျော့နည်း ပပျောက်ရန် ထိရောက်အောင် ပြုပြင်ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းစေရန်နှင့် မီးဘေး အန္တရာယ် ကင်းရှင်းစေရန် စသည့် လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်း သတ်မှတ်ချက် များကို နှစ်သက်သဘောကျကာ အဓိက ဆွေးနွေး အကြံပြုခဲ့ကြသည်။ ထိုသို့နှစ်သက် သဘောကျသဖြင့် အဖွဲ့ဝင် ကုမ္ပဏီများ၌ ဝင်
ရောက်ရင်းနှီး မြှုပ်နှံ လုပ်ကိုင်မှုများ ထည့်ဝင်ရန် ကတိပြုသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်နေစဉ် ကာလ ကနဦး အနေဖြင့် ဥရောပလုပ်ငန်းရှင်များက မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းများတွင် လက်ခစား အပ်ထည်ပစ္စည်းများ မှာယူရန် သဘောတူညီခဲ့ကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၌ အသင်းဝင်လုပ်ငန်း ကုမ္ပဏီပေါင်း ၃၈ဝ ရှိနေပြီး ၃ဝဝ နီးပါးမှာ ပြည်ပဈေးကွက် အသီးသီးသို့ အထည်များ ချုပ်လုပ် တင်ပို့ပေးလျက် ရှိသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ စက်မှုဇုန်ပေါင်း ၂၉ ခုနှင့် စက်ရုံ အလုပ်ရုံပေါင်း ၄ဝဝဝ ကျော်ရှိနေပြီး အလုပ်သမားဦးရေ သုံးသိန်းကျော်ရှိရာ အထည်ချုပ်ဝန်ထမ်း အလုပ်သမားဦးရေမှာ ပိုမိုများပြားနေကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ အတွင်းရှိ အထည်ချုပ် လုပ်ငန်းများမှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ သို့သော် ယခုမျှော်မှန်း ထားသည့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံသည် ယခင်နှစ် ၂ဝ ကျော် ကာလအတွင်းက ဝင်ငွေနှင့် နှိုင်းယှဉ်ပါက နည်းပါး နေသေးကြောင်း သိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate