Wednesday, 3 June 2015

ထိုင်းနိုင်ငံရှိ မြန်မာ့ဂုဏ်ဆောင် အခြေခံပညာ မူလတန်းကျောင်း စတင်ဖွင့်လှစ်

kidsမဟာချိုင် ဇွန် ၂
ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင် အတွင်းရှိ မဟာချိုင်မြို့ ဝေလရပ်ကွက် (၁လမ်း)ထိပ် (စီဝီချိုင်ဟဆေးရုံ အနောက်)၌ရှိသော မြန်မာအလုပ် သမားများ၏ သားသမီး ကလေး ငယ်တို့အား မြန်မာ့ပညာရေးစနစ် အတိုင်း သင်ကြားပေးနေသည့် မြန်မာ့ ဂုဏ်ဆောင် အခြေခံပညာမူလတန်း ကျောင်းမှာ ဇွန် ၁ ရက်တွင် စတင်ဖွင့် လှစ်လိုက်သဖြင့် မြန်မာကလေးငယ် များ ပျော်ရွှင်စွာ စာသင်ကြားနေကြ ပြီဖြစ်ကြောင်း မြန်မာ့ဂုဏ်ဆောင် အခြေခံ မူလတန်းကျောင်း တည် ထောင်သူ ထိုင်းနိုင်ငံ မဟာချိုင်မြို့ ရှိ ကျောင်းဆရာ ကိုစောမောင်က ဆက်သွယ်ပြောသည်။
ဇွန် ၁ ရက် နံနက်ပိုင်းက စတင် ဖွင့်လှစ်လိုက်သော အဆိုပါ မြန်မာ့ ဂုဏ်ဆောင်အခြေခံမူလတန်းကျောင်း တွင် ဆရာ ဆရာမလေးဦးဖြင့် မူကြို ဘာသာရပ်မှ အလယ်တန်းဘာသာရပ် အထိကို ဘာသာရပ်လိုက် သင်ကြား ပေးနေပြီဖြစ်ပြီး ထိုင်းဘာသာရပ် စကားများပါ မြန်မာ ကလေးငယ်များ နိုင်ငံ အတွင်း နေထိုင်မှုလွယ်ကူစေ ရေးအတွက် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဂုဏ်ဆောင် အခြေခံပညာ မူလတန်းကျောင်း တည်ထောင်သူ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျောင်း ဆရာကိုစောမောင်က ”ဒီနေ့ ကျောင်း စဖွင့်လိုက်ပါပြီ။ ကျောင်းဆရာ ဆရာမ လေးဦးနဲ့ မူကြိုကနေ ခြောက်တန်း အထိကို ဘာသာရပ်အလိုက် စသင် နေပါပြီ။ အားလုံးကလေး ၅ဝ လောက် ကျောင်း တက်ကြ ပါတယ်။ ကလေးတွေကို ဒီနေ့ နေ့လယ်စာ ကြက်သားဟင်းနှင့် အာလူးချက်ကျွေး ပါတယ်။ နွားနို့တိုက်ပါတယ်။

ကလေး တွေ စားဖို့အတွက်လည်း စေတနာ ရှင်များက လာရောက် လှူဒါန်းကြပါ တယ်။ ခုလို ကျွန်တော် ကျောင်းလေး ကို ဖွင့်လို့ရအောင် ဝိုင်းဝန်းကူညီကြတဲ့ စေတနာအလှူရှင်တွေကို အထူး ကျေးဇူးတင် ပါတယ်။ ကျောင်း ရေ ရှည် တည်တံ့ခိုင်မြဲစေရေး အတွက်နဲ့ ပြည် ပရောက် မြန်မာကလေးငယ် များ ပညာသင်ကြား နိုင်ရေး အတွက် မြန်မာနိုင် ငံတော် အစိုးရအနေနဲ့ တတ်နိုင်သမျှ ကူညီပေးစေချင်ပါ တယ်”ဟု ပြောသည်။ ”အခုခေတ်က ပညာခေတ်ဆိုတော့ တိုင်းပြည်တစ်ခု နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် ပညာတတ်လူငယ်တွေ များစွာလို အပ်နေပါတယ်။
အဲဒီအတွက်လည်း ပြည်ပရောက် မြန်မာကလေးငယ်တွေ တစ်ချိန်မှာ အမိမြန်မာနိုင်ငံတိုးတက် ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ တာဝန် ထမ်းဆောင်နိုင်စေရေးကို ရည်ရွယ်ပြီး အခုလို ကျွန်တော်အပါ အဝင် မြန်မာ့ဂုဏ်ဆောင် အခြေခံ ပညာမူလတန်းကျောင်းမှ ဆရာ ဆရာမတွေ အားလုံးဟာ အခက်အခဲ များစွာကြားထဲကနေ ကျောင်းကို ဆက်လက်ရပ်တည်နေတာပါ” ဟု ဆက်လက် ရှင်းပြသည်။
http://www.myanma-dailynews.com/

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate