Wednesday, 3 June 2015

ရခိုင်ပြည်နယ် အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရေးကသာလျှင် အဖြေဖြစ်ပါသည်

man


ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန
လွန်ခဲ့သည့် ရက်များအတွင်း၌ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော် ဖို့ကြိုးစားရင်း အတိဒုက္ခရောက် နေကြရသည့် လူထောင်ပေါင်းများစွာအတွက် တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်မှုတိုးပွားလာလျက်ရှိပါသည်။
ကျွန်တော်ကိုယ်တိုင်လည်းထိုလူများ အတိဒုက္ခရောက်နေရခြင်းကို ကိုယ် ချင်းစာ၍ စိုးရိမ်ပူပန်မိပါသည်။ ပင်လယ်အတွင်းမှ ထိုလူများကို ရှာဖွေ ကယ်တင်နိုင်ရေးမှာ တစ်ကမ္ဘာလုံး၏ တာဝန်ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကလည်း မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိလာသည့် ထိုလူများကိုတပ်မတော်(ရေ)၏ အကူအညီဖြင့် အလျင် အမြန်ရှာဖွေ ကယ်ဆယ်၍ လူသားချင်းစာနာထောက် ထားမှုအကူအညီများကို လိုအပ်သလိုပေးနိုင်ရန် ဆောင်ရွက် နေပါသည်။
ပထမဆုံးနှင့် အဓိကအကျဆုံးမှာပင်လယ်အတွင်း မျောပါနေသူများကို ရှာဖွေ ကယ်ဆယ်၍ လူသားချင်း စာနာထောက် ထားသည့် အကူအညီများ အလျင် အမြန်ပေးရန်ပင် ဖြစ်ပါသည်။


ထို့အပြင် ရေရှည်အတွက် မျှော်၍ နည်းဗျူဟာများကိုလည်း စဉ်းစားကြ ရမည်ဖြစ်ပါသည်။ လူကုန်ကူးမှု၊ တရားမဝင် ခိုးသွင်းမှုတို့ကြောင့် ဖြစ်ပေါ်လာ ရသည့် ယခုပြဿနာသည် အချိန်တိုအတွင်း လွယ်ကူစွာ ပြီးဆုံး သွားလိမ့် မည်မဟုတ်ပါ။ ထို့အပြင် ထိုသူများအားပိုမိုကောင်းမွန်သည့် ဘဝပိုင်ဆိုင်ရေး ဆိုသည့် မျှော်လင့် ချက်ဖြစ်ပေါ်စေပြီး အန္တရာယ်အလွန်ကြီးမားလှ သည့် ရေလမ်း ခရီးကို ဖြတ်ကျော်စေရန် အဓိကတွန်း အားပေးနေ သည့် ဆင်းရဲ မွဲတေမှုသည်လည်း လွယ်လွယ်နှင့် ပျောက်ကွယ်သွားဦးမည် မဟုတ်ပေ။ ထို့ကြောင့် ယခုပြဿနာအတွက် ရေရှည်မျှော်မှန်းစဉ်းစားရန် လိုအပ်သည် ဟုဆိုရခြင်းဖြစ်ပါသည်။
အရှိန်အဟုန်ဖြင့် လျင်မြန်စွာတိုးတက်ပြောင်းလဲနေသည့် နည်းပညာ ပေါက်ကွဲမှု၊ ဆိုက်ဘာရာဇဝတ်မှုများ၏ ခြိမ်းခြောက်မှုများ၊ တစ်ဖက်တွင် လည်းရာသီဥတုများ ပြောင်းလဲဖောက်ပြန်ခြင်းစသည့် အခြင်းအရာများဖြင့် ကျွန်တော်တို့၏ ကမ္ဘာကြီးသည် လွန်ခဲ့သည့် ၂၅ နှစ်ခန့်လောက်နှင့် နှိုင်းစာ လျှင်ပင် အလွန် ကွာခြား လာခဲ့ပြီဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် ၂၁ ရာစု၏စိန်ခေါ်မှုအသစ်များကို အမီလိုက်ပါရန် ကြိုးပမ်း လျက်ရှိပြီး အချို့ နိုင်ငံများက အောင်မြင်သလို အချို့နိုင်ငံများကတော့ကျရှုံးကျန်ရစ်ခဲ့ကြပါသည်။
ယနေ့ခေတ် ကမ္ဘာကိုပုံဖော်ဖန်တီးနေသည့် အဓိကသော့ချက် တစ်ခုမှာ ကမ္ဘာ့နိုင်ငံများအကြား စီးပွားရေးအခြေအနေမတူညီမှုပင်ဖြစ်ပါသည်။ ထိုအချက်ကြောင့်ပင်လျှင် ကမ္ဘာ့လူသားသန်းပေါင်းများစွာသည် ယင်းတို့ အတွက် ပိုမိုကောင်းမွန်သည့် ဘဝရပ်တည်မှုနှင့်အခွင့်အလမ်းများကို ရှာဖွေ ကြရန်၎င်းတို့၏ နေရပ်ဇာ တိကိုစွန့်ခွာကာ အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းနေကြခြင်းဖြစ်ပါသည်။ ထိုသို့ ရွှေ့ပြောင်း နေထိုင်ရန် ကြိုးပမ်းရာ၌ ပေါ်ပေါက်လာနိုင်သည့် ဘေးအန္တရာယ်များကိုပင် အမှုမထားနိုင်တော့ဘဲ စွန့်စား ထွက်ခွာ နေကြသည့်ဖြစ်ရပ်များကို အမေရိကန်-မက္ကဆီကိုနယ်စပ်၊ မြေထဲပင်လယ်ဒေသမှစတင်ကာ ဘင်္ဂလား ပင်လယ်အော်အထိ တွေ့ရမည် ဖြစ်ပါသည်။
ထိုသို့ ပြောင်းရွှေ့ထွက်ခွာနေကြခြင်းသည် ပိုမိုကြီးမားလာမည့် စိန်ခေါ်မှုကြီးတစ်ရပ်သာဖြစ်ပါသည်။ ဤစိန်ခေါ်မှုကို အမီလိုက်နိုင်ခြင်း၊ မလိုက်နိုင်ခြင်း၊ တုံ့ပြန်နိုင်ခြင်း၊ မတုန့်ပြန်နိုင်ခြင်းဆိုသည်မှာ နိုင်ငံများ၏ တိုးတက်အောင်မြင်မှုအပေါ်တွင်သာ မူတည်လိမ့်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးပုံစံမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေး သို့ လျှောက်လှမ်းရာလမ်းပေါ်တွင် အချိန်ကာလအားဖြင့် လေးနှစ်သက်တမ်း ရှိခဲ့ပြီဖြစ်ပါသည်။ ထိုခရီးလမ်းမှာ လွယ်ကူလှသည်တော့ မဟုတ်ပါချေ။ ဒီမိုကရေစီအသွင်ကူးပြောင်းရန် ကြိုးပမ်းရင်းအောင်မြင်မှုမရဘဲ ကျရှုံးသွား သည့် နိုင်ငံများ အများအပြားရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ကျင့်သုံး ခြင်းမှာလည်း ကတိမ်းကပါးဖြစ် သွားနိုင်သည် ဆိုသည့် အချက်ကို ကျွန်တော်တို့ အစိုးရသစ်အနေနှင့် သိရှိသဘောပေါက်နားလည်ခဲ့ပါသည်။ ကျွန်တော်တို့ အနေနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးမအောင်မမြင် မဖြစ်စေရဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် ကြိုးပမ်း ဆောင်ရွက် ခဲ့ရပါသည်။ ထိုသို့ ကြိုးပမ်းရာတွင် ဆိုင်ရာ အကျိုးစီးပွားများကို ထိန်းညှိပေးရန်၊ ငြိမ်းချမ်း စွာ ပြောင်းလဲရန်နှင့် ကျွန်တော်တို့၏ မျှော်မှန်းချက်၊ ရည်မှန်းချက် များနှင့် မြေပြင် တွင် လက်တွေ့ ဖြစ်ပေါ်နေသည့် အရှိတရားများ ကိုချိတ်ဆက်လုပ်ကိုင်ခဲ့ရပါသည်။ လေးနှစ် တာကာလအတွင်း ကျွန်တော်တို့အနေနှင့် နိုင်ငံရေးဖြေလျှော့မှုများ၊ အမျိုး သားပြန်လည် သင့်မြတ်ရေးများ၊ ဆယ်စုနှစ်များစွာရပ်တန့်နေခဲ့သည့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုများ၊ နိုင်ငံတကာနှင့် ပုံမှန်ဆက် ဆံရေး ပြန်လည်ထူထောင် ရေးများအပြင် များပြားလှသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခများ ရပ်တန့်နိုင်ရန်တို့နှင့်စပ် လျဉ်းသည့် ကိစ္စရပ်အများအပြားကို လုပ်ဆောင်ခဲ့ရပါသည်။
ကျွန်တော်တို့၏ ကြိုးပမ်းမှုတိုင်းအတွက် မည်သူမဆို အကြံပြုချက် များ ပေးနိုင်ရန် လမ်းဖွင့်ပေးထားခဲ့ပြီး အပြုသဘောဆောင် သည့် ဆွေးနွေးဝေ ဖန်မှု များကို ကြိုဆိုလက်ခံပါသည်။ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးဖြင့် စခန်းသွား ခဲ့ရသည့်အခြေအနေမှ ကျွန်တော်တို့၏ နိုင်ငံနှင့် လူ့အဖွဲ့ အစည်းကို ဆွဲထုတ် ရန် ကြိုးပမ်းရာတွင် ပြင်ပမှ ကျွန်တော်တို့၏ မိတ်ဆွေများကို မီးလောင်ရာ လေပင့်မလုပ်ဘဲ မီးငြှိမ်းသတ်ရန် ရေသာ ယူလာခဲ့ပေးပါဟု မေတ္တာရပ်ခံလိုပါ သည်။ လက်ညှိုးထိုးအပြစ်တင်မည့်အစား ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်ကြုံတွေ့ နေရသည့် ပြဿနာကို လက်တွေ့ကျကျနှင့် အမှန်တကယ်ပြေလည်စေမည့် နည်းလမ်းများဖြင့် လက်တွဲကူညီကြရန်လည်း မေတ္တာရပ်လိုပါသေးသည်။
ကျွန်တော်တို့ နိုင်ငံ၏ ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်အတွင်းက ဆိုးရွား လှသော အဓိကရုဏ်းများဖြစ်ပွားခဲ့ကာ တစ်ရာကျော်သေဆုံးပြီး အစ္စလမ် ဘာသာနှင့် ဗုဒ္ဓဘာသာနှစ်ဖက်အသိုက်အဝန်းမှ လူထောင်ပေါင်းများစွာအိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပါသည်။ ပြဿနာတစ်ခု၊ အဖြစ်ပျက်တစ်ခုအပေါ် အခြေခံပြီးခံစား ချက်များ ပြင်းထန်လာ ကာအကြမ်းဖက်မှုကို ဦးတည်စေခဲ့သည့် အခြေအနေများ ကို ကျွန်တော်တို့တွေ့ရှိခဲ့ရပါသည်။ ယခုအခါတွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်တို့အနေနှင့် အကြမ်းဖက်မှု အသစ် များ ထပ်မံပေါ်ပေါက်မလာအောင် တားဆီးနိုင်ရုံမျှမကအကြမ်းဖက်မှုများ ဖြစ်ပွားရန် လှုံ့ဆော် သည့်ပြဿနာ၏ ရေသောက်မြစ် များကိုလည်း ရှာဖွေ ဖော်ထုတ်နိုင်ရန် စီမံဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်။
ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ စိတ်ဝင်စားသူမည်သူကိုမဆို ရခိုင် ပြည်နယ်သို့ ကိုယ်တိုင် ကိုယ်ကျလာရောက်လေ့လာ၍ ကောက် ချက်ချစေလို ပါသည်။ လက်ရှိအချိန်တွင်မူ ရခိုင်ပြည်နယ်၌ နိုင်ငံ တကာ ထောက်ပံ့ ကူညီရေး အဖွဲ့အစည်း ၂ဝ ကျော်က လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်း များ ကောင်းစွာသိရှိထားပြီးဖြစ်သည့်အတိုင်း ကျွန်တော်တို့အနေနှင့် ယခုအခါတွင် ပထမဦးဆုံးခြေလှမ်းဖြစ်သည့် လူ့အသိုက် အဝန်းအတွင်း ပြန်လည်နေရာချထားရေးကို ဆောင်ရွက် လျက်ရှိပါသည်။ ဤလုပ်ငန်းစဉ်မှာမည်မျှခက်ခဲနက်နဲပြီး အကဲဆတ်၍ ထိလွယ်ရှလွယ်ရှိသည် ဆိုသည့်အကြမ်း ဖက်မှုများဖြစ်ပွားအပြီး ပုံမှန်အခြေအနေသို့ ရောက် ရှိအောင် ပြန်လည်တည်ဆောက်ရ သည့်လုပ်ငန်း များတွင် ပါဝင်လုပ်ဆောင်ဖူးသည့် အတွေ့အကြုံရှိသူတိုင်းကောင်းစွာ နားလည်သဘောပေါက် နိုင်ကြပါသည်။
လှေစီး ဒုက္ခသည်များ အရေးဘက်သို့ ဆက်ပါဦးမည်။
ပင်လယ်တွင်း မျောပါလျက်ရှိသည့် လှေစီးဒုက္ခ သည်များကို ရှာဖွေကယ်ဆယ်ရန်မှာ ပထမ ဦးဆုံးနှင့်အရေးပေါ်အဖြစ် လတ်တလော လုပ်ဆောင်ရမည့် ကိစ္စဖြစ်ပါသည်။ လုပ်ဆောင်ရမည့်ကိစ္စမှာ ထိုသို့ကူကယ်ရာမဲ့ဖြစ်နေသည့် လူသားများအပေါ် ပစ်မှတ်ထား၍ အမြတ်ထုတ်နေသော လူကုန်ကူးဂိုဏ်းများနှင့် မှောင်ခိုဂိုဏ်း များကို ဖြိုခွင်းရန်မှာ ကာလလတ်အနေနှင့် လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ထိုသို့ ဖြိုခွင်းရန်မှာလည်း ဒေသတွင်းနှင့် နိုင်ငံတကာက ပူးပေါင်းလုပ်ဆောင်မှ သာအောင်မြင်နိုင်မည်ဟု ကျွန်တော့်အနေနှင့် ယုံကြည်မိပါသည်။ လက်ရှိ ပြဿနာမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောပဋိပက္ခများ၏ အကျိုးဆက်သာ ဖြစ်သည်ဟူသည့် ရှုမြင်မှုမျိုးဖြင့် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း ကိုသာအပြစ်တင်နေမည့်အစား နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် ယခုပြဿနာကို ရှေ့ဆက်ဖြေရှင်းနိုင်ရန် လက်တွေ့ကျသည့်နည်းလမ်းဖြင့် ကူညီထောက်ပံ့ခြင်း ကသာလျှင် ပိုမိုကောင်းမွန်လိမ့်မည်ဖြစ်ပါသည်။
ယခုလက်ရှိ ကြုံတွေ့နေရ သည့်ပြဿနာမှာ စီးပွားရေးအရ ရွှေ့ပြောင်းနေ ထိုင်မှုနှင့် ၎င်းတို့၏ အတိဒုက္ခ ကြုံတွေ့နေရမှုများဖြစ်ပါသည်။ ထိုကိစ္စ ရပ်များမှာ ဒေသတွင်းပြဿနာတစ်ရပ် ဖြစ်၍ နှစ်နိုင်ငံချင်း၊ ဒေသတွင်းနိုင်ငံများ အချင်းချင်းပူးပေါင်းဖြေရှင်းရမည် ဖြစ်ပါသည်။
ထိုသို့ဖြေရှင်းနိုင်ရန်လည်း နိုင်ငံတကာအကူအညီများစွာမှပင် လိုအပ်ပါသည်။
ရှေ့ဆက်လုပ်ဆောင်နိုင်မည့် လက်တွေ့ကျသည့် နည်းလမ်းများကို စဉ်းစားရာတွင် ကျွန်တော်တို့အနေနှင့် သမိုင်းကြောင်းများကိုလည်းသိရှိရန် လိုအပ်ပြီး လက်ရှိအရွေ့များကိုလည်း ဘက်ပေါင်းစုံမှ စဉ်းစားရန်လိုအပ် ပါသည်။ တစ်ဆက်တည်းမှာပင် ကျွန်တော်တို့၏ စိတ်ကူးစိတ် သန်းများနှင့် မျှော်မှန်းချက်များကိုလည်း လက်တွေ့မြေပြင် တွင် ဖြစ်ပျက်နေသော အဖြစ် အပျက်များနှင့်ယှဉ်၍ အစမ်းသပ်ခံနိုင်သော အလုံးစုံလွှမ်းခြုံ သည့် ဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာများကိုလည်း စဉ်းစားရန် လိုအပ်ပါသေးသည်။ မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရရော၊ လက်ရှိအခြေအနေအရရောပါ လွန်စွာမှပင် အကဲဆတ်၍ အထိခိုက် မခံသောအ ခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရပါသည်။
ယင်းမှာရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်မှပြည်သူ များသာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူ ၅၃ သန်းကျော်နှင့်လည်း သက်ဆိုင်နေ သည့်ကိစ္စဖြစ်ပါသည်။
ဤကိစ္စများအတွက် ဖြေရှင်းရန် မျှော်လင့်ချက်ထားနိုင်ပါသည်။ သို့သော် ကမ္ဘာတစ်ဝန်းအနေနှင့် အပြစ်တင်နေမည့် အစားလက်တွေ့ကျသည့် အဖြေ ရှာမှု ပြုလုပ်ရန် လိုလားမှု ရှိရပါလိမ့်မည်။ ရေရှည် အတွက်မူ ကျွန်တော်တို့၏ ပြည်သူများနှင့် ၎င်း တို့၏ ပတ်ဝန်းကျင်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ရန်လို အပ်ပါသည်။ လက်ရှိအခြေအနေတွင်ပင် အသက်မွေးဝမ်းကျောင်းမှု အတွက် တိုးတက်မှုများ၊ ဝင်ငွေတိုးမြင့်ရေး များနှင့် လူမျိုးမရွေး၊ ဘာသာမရွေး လူတိုင်းအတွက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများကို ဖန်တီးနိုင်နေပြီ ဖြစ်ပါသည်။
ကျွန်တော်တို့အနေနှင့် စနစ်တကျလုပ်ဆောင်နိုင်သည်နှင့် အမျှ ရွှေ့ပြောင်းနေထိုင်မှု၊ အထူးသဖြင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုများ ပပျောက်သွားမည်ဖြစ်ပါသည်။
သို့ရာတွင် ထိုသို့ဖန်တီးနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှု၊ ငါးဖမ်းလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် အခြားချက်ချင်း ဖွံ့ဖြိုးတိုးတက်နိုင်မည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပါသည်။ သန်းပေါင်းများစွာသော ရင်းနှီးမြှုပ်နှံမှု များသည် အပြောင်းအလဲကို အမှန်တကယ်ဖြစ်ထွန်းစေနိုင်ပါသည်။ လှေစီး ဒုက္ခသည်များ အရေးနှင့် စပ်လျဉ်း၍ ပြစ်တင်ဝေဖန်နေကြသူများအားလုံး အား အပြစ်တင်မည့်အစား လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် အလုံးစုံ လွှမ်းခြုံသည့် ဖွံ့ဖြိုးရေးမဟာဗျူဟာများတွင် ကူညီပေးနိုင်ရန် မေတ္တာရပ်ခံ လိုပါသည်။ အလှူအတန်းနှင့် အထောက်အပံ့ကို အခြေခံသောကူညီမှုများ အစား ရင်းနှီးမြှုပ်နှံမှုကို အခြေခံသော ကူညီမှုများကသာ ရခိုင်ပြည်နယ်ရှိ လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်မှုကို ဆောင်ကြဉ်းနိုင်မည်ဖြစ်ပါသည်။
တစ်ကမ္ဘာလုံးအနေနှင့် လက်ရှိအခြေအနေတွင် လူသားချင်းစာနာ ထောက် ထားမှုများအရေး တကြီးလို အပ်နေမှုအပေါ် အာရုံစိုက်လျက်ရှိကြ ပါသည်။ ကျွန်တော်တို့ လိုအပ်သည်မှာ လူသားချင်း စာနာထောက် ထားသည့် အကူအညီများပြီးသည်နှင့် လက်တွေ့ကျသည့် မဟာဗျူဟာများကို အလျင် အမြန်ရှာဖွေရန်နှင့် ရခိုင်ပြည်နယ်အတွက် အလုံးစုံလွှမ်းခြုံမှုရှိပြီး ရေရှည် ခိုင်မြဲမည့် ဖွံ့ဖြိုးတိုးတက်ရေးသာဖြစ်ပါသည်။
(အထက်ဖော်ပြပါဆောင်းပါးသည် ဇွန်(၁) ရက်နေ့တွင် ထုတ်ဝေသည့် Nikkei Asian Review မဂ္ဂဇင်းတွင်ပါဝင်သည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ Inclusive Growth Key for Peace in Myanmar ဆောင်းပါးအား စာရေးသူ၏ ခွင့်ပြုချက်ဖြင့် မြန်မာဘာသာ ဆီလျော် အောင်
ပြန်ဆိုဖော်ပြ ထားခြင်းဖြစ်ပါသည်။)
MOI


0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate