Monday, 14 March 2016

ရွှေ့ပြောင်းအလုပ်သမားကတ်များ 7-ELEVEN ဆိုင်တွင် သက်တမ်းတိုးရန်သဘောတူ


14 March 2016 By ဒီဗွီဘီ
ထိုင်းနိုင်ငံရောက် မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အလုပ်သမားမှတ်ပုံတင်ကတ် သက်တမ်းတိုးတဲ့အခါမှာ နီးစပ်ရာ ဆဲဗဲန်းအီလဲဗဲင်း ဆိုင်တွေမှာ သွားရောက်ငွေသွင်းပြီး သက်တမ်းတိုးနိုင်တော့မယ်လို့ ထိုင်းရတ်သတင်း မှာ ဖော်ပြပါတယ်။
အဆိုပါသဘောတူချက်ကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ဘန်ကောက် The Bazzar ဟိုတယ်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းအာရက် ဖရူမ်းမနီး နဲ့ ဆဲဗဲန်းအီလဲဗဲင်း ငွေလက်ခံကောင်တာကုမ္ပဏီမှ လက်ထောက်အလုပ် အမှုဆောင်
နိုင်းဝီရေ တခ်ျ အခရဖားနစ်တို့က သဘောတူချက် လက်မှတ်ရေးထိုး ခဲ့တာ ဖြစ်ပါတယ်။
အခုလို 7ELEVEN ကနေ အလုပ်သမားမှတ်ပုံတင်သက်တမ်းတိုးခ ငွေသွင်းတဲ့စနစ်ဟာ စီးပွားရေးအကျိုးအမြတ်အတွက် ဆောင်ရွက်တာမဟုတ်ဘဲ အလုပ်ရှင်နဲ့ အလုပ်သမားတွေ အတွက် အဆင်ပြေလွယ်ကူစေရေး အဓိက ၀န်ဆောင်ပေးတာဖြစ်ကြောင်း ထိုင်း အလုပ်သမား ညွန်ချုပ် နိုင်းအာရက် ဖရူမ်းမနီးက အဆိုပါသဘောတူ လက်မှတ်ထိုးပွဲမှာ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အိမ်နီးချင်း ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော် ၀င်ေ ရာက်လု ပ်ကိုင်နေပြီး ထိုင်းတနိုင်လုံးမှာလည်း ဆဲဗဲင်းအီလဲဗဲင်းဆိုင်မှာ သောင်းနဲ့ချီရှိကြောင်း၊ ဆဲဗဲင်း အီလဲဗဲင်းဆိုင်ကနေ သက်တမ်းတိုးမယ့် အလုပ်သမားတွေအနေနဲ့ ရုံးမှာသွားပြီး တန်းစီ စရာမလို၊ အချိန်ကုန်ခံစရာမလို၊ ရုံးဖွင့်ရက်ကို စောင့်စရာမလိုဘဲ မိမိနေရာနဲ့ အနီးဆုံး 7ELEVEN ဆိုင်မှာ ၂၄ နာရီ ငွေသွင်းနိုင်ကြောင်း၊ ငွေသွင်းဝန်ဆောင်ခ မှာလည်း ၁၀ ဘတ်သာ ကုန်ကျမှာဖြစ်ပြီး ငွေသွင်းချိန်လည်း တစ်မိနစ်ထက်မပိုကြောင်း၊ ဒီစနစ်ဟာ
ကြားပွဲစားတွေ ငွေပိုတောင်းတဲ့ပြဿ နာကိုလည်း ဖြေရှင်းပြီးသားဖြစ်တယ်လို့ ထိုင်းအလုပ်သမားညွှန်ချုပ်က ပြောပါတယ်။
အလုပ်သမားတွေအနေနဲ့ အရင်ဆုံး ဆေးရုံမှာဆေးစစ်ရမှာဖြစ်ပြီး ဆေးရုံက ရလာ တဲ့ ပြေစာ နဲ့ ဆဲဗဲင်းအီလဲဗဲင်း ဆိုင်မှာ အလုပ်သမားမှတ်ပုံတင်ခ ငွေသွင်းရမှာဖြစ်ကြောင်း၊ အဆိုပါ ဆေးစာရွက်မှာ အလုပ်သမားရဲ့ ကိုယ်ပိုင်နံပတ်တိကျစွာ ဖော်ပြထားကြောင်း၊ ဆဲဗဲင်းက ပြန်ထုတ်ပေးလိုက်တဲ့ ငွေရပြေစာ(စလစ်) ထဲမှာလည်း အလုပ်သမားကတ် သွားထုတ်ရ မယ့်ရက်ချိန်း နေ့စွဲကိုပါ တခါတည်းဖော်ပြထားပြီး ချိန်းတဲ့ရက်အတိုင်း သက်ဆိုင်ရာခရိုင်ရှိ (၀မ်းစတော့ပ်ဆားဗစ်စင်တာ – တနေရာတည်းအပြီးဆောင် ရွက်ပေး တဲ့ စခန်း)မှာ မှတ်ပုံ တင်ကတ်သွား ထုတ်ရုံဘဲလို့ ဆိုပါတယ်။
ပေးသွင်းရမယ့်ငွေပမာဏမှာတော့ အလုပ်လုပ်ခွင့်လျှောက်လွာတင်ခ ဘတ် ၁၀၀၊ ၂ နှစ်စာ အလုပ်လုပ်ခွင့်အတွက် ဘတ် ၁၈၀၀၊ ငွေသွင်းခ ၁၀ ဘတ်၊ စုစုပေါင်း ဘတ် ၁၉၁၀ ဘတ် (တစ်ထောင့်ကိုးရာနဲ့ ဆယ်ဘတ် ) ကျသင့်မှာ ဖြစ်ပါတယ်။
ဆဲဗဲန်းအီလဲဗဲင်းငွေလက်ခံကောင်တာကုမ္ပဏီမှ လက်ထောက်အလုပ် အမှုဆောင်
နိုင်းဝီရေ တခ်ျ အခရဖားနစ်ကလည်း ဒီအစီအစဉ်မှာ ရွေှ့ပြောင်းအလုပ်သမား ၅၀ ရာနှုန်းကျော် လာရောက်ဆက်သွယ်ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ကြောင်း၊ သူတို့ဘက် ကလည်း တနိုင်ငံလုံးက ဆဲဗဲင်းအီလဲဗဲင်းဆိုင် ၀န်ထမ်းတွေ ကို ငွေလက် ခံနည်း သင်တန်းတွေ ပို့ချထားပေးပြီးဖြစ်တဲ့အတွက် အလုပ်သမားဦးရေ ဘယ်လောက် များများ သူတို့ဘက်က လက်ခံရန်အသင့်ရှိကြောင်း၊ ရွှေ့ပြောင်းအလုပ်သမား အများစုရှိတဲ့ ဆမွတ်ဆာ ခွန်းခ ရိုင်မှာေ တာင် ဆဲဗဲန်းအီလဲဗဲင်းဆိုင် ၃၀၀ ကျော်ရှိတယ် လို့ ပြောသွားပါတယ်။
ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ရွှေ့ပြောင်းအလုပ်သမားနေထိုင်ခွင့်သက်တမ်း (ပန်းရောင်ကတ်)တွေဟာ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်း ကုန်မှာဖြစ်တဲ့ အတွက် ဒီအစီအစဉ်တွေကို ဒီမတ်လကုန်နောက်ပိုင်းမှာ စတင်နိုင်မယ်လို့ အလုပ်သမား ညွန်ချုပ်က ပြောသွားပါတယ်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate