Tuesday, 22 March 2016

လိပ်ကျွန်းလူသတ်မှု အယူခံရက် တလထပ်မံတိုးမြှင့်


21 March 2016

ထိုင်းနိုင်ငံတောင်ပိုင်း ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးအတွက် အယူခံဝင်ရက် တလထပ်မံတိုးမြှင့်ပေးဖို့ ဒီကနေ့ ကော်စမွီ ခရိုင်တရားရုံးမှာ ထပ်မံလျောက်ခဲ့တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
အခုမတ်လ ၂၄ ရက်နေ့နောက်ဆုံးအယူခံဝင်ရမှာဖြစ်ပေမယ့် ထပ်မံလျောက်ထားချက်ကို တရား ရုံးက ခွင့်ပြုတဲ့အတွက် လာမယ့်ဧပြီလ ၂၂ ရက်နေ့ကျမှ အယူခံဝင်မယ်လို့ သူက ပြောပါတယ်။
လက်ရှိမြန်မာလူငယ်တွေအတွက် အယူခံဝင်ဖို့ ၉၀ ရာခိုင်နှုန်းလောက်ပြီးသွားပေမယ့် နောက်ထပ် ပြင်ဆင်စရာတွေရှိနေသေးလို့ ထပ်တိုးတောင်းတာလို့ ဦးအောင်မျိုးသန့်က ပြောပါ တယ်။
“ကျနော်တို့က ပြင်ဆင်မှုက ၉၀ ရာခိုင်နှုန်းလောက်တော့ ပြီးနေပါပြီ။ ဒါပေမယ့် တကယ်လို့ ဒီလိုအချိန်ရမယ်ဆိုရင် ကျန်တဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို ကြိုတင်ပြင်ဆင်ပြီးတော့ ကျနော်တို့ ပြည့်စုံအောင် အယူခံမှာ တင်ချင်လို့ပါ။ အယူခံဆိုတာ တခါပဲ တင်ရတာပါ။ တပါပဲတင်ရတဲ့ အယူခံမှာ မပြည့်စုံဘဲနဲ့ နောက်မှ ထပ်တိုးချင်တယ်၊ ထပ်ပြင်ချင်တယ်ဆိုရင် မရပါဘူး။ ဒါကြောင့် အဲဒီအယူခံအချက်အလက်တွေက ပြည့်စုံဖို့ ဆိုတာက ကျနော်တို့ အခု ပူးပေါင်းထားတဲ့ နှစ်ဖွဲ့ရှိ ပါတယ်။
ထိုင်းနိုင်ငံ ရှေ့နေများကောင်စီရယ်၊ မြန်မာပြည်ကအစိုးရအဖွဲ့အစည်းက ပို့ပေးတဲ့ ဥပဒေပညာရှင်တွေ ဒီအဖွဲ့တွေရဲ့ အကြံဉာဏ်ရယူတဲ့အခါမှာ ပိုပြီး ပြည့်စုံစေချင်လို့ပါ။”
၂၀၁၄ ခု အောက်တိုဘာလက ထိုင်းတောင်ပိုင်းလိပ်ကျွန်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရ မှုနဲ့ ပတ်သက်ပြီး မြန်မာလူငယ် ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံ တောင်ပိုင်း ကော်စမွီခရိုင် တရားရုံးက မနှစ်ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ သေဒဏ်ချမှတ် ခဲ့ပါတယ်။
မြန်မာလူငယ်နှစ်ဦး သေဒဏ်စီရင်တဲ့ပေါ် မြန်မာနိုင်ငံအနှံ့က မြန်မာပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြသလို ဒီလူငယ်နှစ်အတွက် အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေနေ့တွေက လည်း အယူခံဝင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ရှေ့နေဦးအောင်မျိုးသန့်ကတော့ ဒီမြန်မာလူငယ်နှစ်ဦးဟာ အပြစ်မရှိကြောင်း ယုံကြည်နေ တယ်လို့ ပြောပါတယ်။
“ကျနော်တို့က ဒီကလေးတွေဟာ ဒီကနေ့ ဒီအချိန်အထိ အပြစ်ကင်းစင်တယ်လို့ ယူဆမိသေး တာပါ။ တခါတခါ အပြင်ကပြောနေတဲ့ စကားရှိပါတယ်။ ထိုင်းဘုရင်မင်းမြတ်ဆီ အသနားခံဖို့ ကိစ္စဟာ အဲဒီအဆင့်မရောက်သေးပါဘူး။ ကျနော်တို့ကလေးတွေဟာ အပြစ်ရှိတဲ့ လူတွေ မဟုတ်ဘူးဆိုတာ အခုချိန်ထိ ကျနော်တို့ ယုံကြည်နေဆဲပါ။ ဒါကြောင့်မို့ အပြစ်မရှိ ကြောင်းကိုပဲ ဥပဒေအရ အထက်ရုံးအဆင့်အဆင့်ကို တက်သွားဖို့ ရှိပါသေးတယ်။ အဲဒီ အဆင့်က လွတ်မြောက်သွားရင်လည်း ဒါပြီးသွားပါပြီ။ မလွတ်မြောက်လို့ရှိရင်လည်း အခုနက ပြောတဲ့ အသနားခံစာတင်တာတို့၊ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာ တင်တာတိုတာ လုပ်သင့်ရင် လုပ်ရမှာပါ။”
မြန်မာလူငယ်နှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝေဖြိုးကတော့ ထောင်တွင်းမှာ ကျန်းကျန်းမာမာရှိကြောင်း လည်း ပြောပါတယ်။



 http://burmese.dvb.no/archives/140430

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate