အမှန်တကယ် လိုအပ်သည့် ရခိုင်ကျောင်းသားများ အတွက် ရခိုင်သဟာယ အသင်း ထောက်ပံ့

ရန်ကုန်၊ မတ် ၁၃
၂၀၁၅-၂၀၁၆ ခုနှစ် စာသင်နှစ် အတွက် အမှန်တကယ် လိုအပ်မှု ရှိသော ကျောင်းသား (၁၉၆) ဦးကို ရွေးချယ်ကာ ရခိုင်သဟာရ အသင်း (ရန်ကုန်) မှ ထောက်ပံ့ပေး ခဲ့ကြောင်း ရခိုင်သဟာယ အသင်း ဥက္ကဋ္ဌ ဦးလှမောင်သိန်းက ပြောသည်။
ကျောင်းသားများအား ပညာသင်ဆုပေးပွဲ အခမ်းအနားကို မတ် ၁၃ရက်က တာမွေရှိ ရခိုင်သဟာသ အသင်းရုံးတွင် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းအရပ်ရပ်တို့တွင် ရခိုင်ပြည်နယ်သည် ဖွံဖြိုးတိုးတက်ရေး နောက်အကျဆုံးသော ပြည်နယ်များထဲမှ တစ်ခုအဖြစ်ရပ်တည်နေသည်။
စစ်မှန်သော ဖွံဖြိုးတိုးတက်ရေးအတွက် အရေးပါအရာရောက်လျက် အခြေခံအကျဆုံး အခန်းကဏ္ဍမှာ ပညာရေးမြှင့်တင်ပေးရေးဟု ယုံကြည်လက်ခံသည့်အတွက်ကြောင့် ယခုလို ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပညာသင်ဆုရွေးချယ်ချီးမြှင့်ပေးခြင်းဖြင့် ရခိုင်သဟာယအသင်းသည် ကျောင်းသားများကို ငွေကြေး တစ်ခုဖြင့်သာ ထောက်ပံ့ပေး aနခြင်းမဟုတ်ဘဲ အမျိုးသားရေး တာဝန် ထမ်းဆောင် လိုစိတ် ရှိသော မျိုးဆက် သစ်များ၊ မိမိတို့ ပြည်နယ်နှင့် လူမျိုးအတွက် အမှန်တကယ် တန်ဖိုးရှိသော အနာဂတ် aခါင်းဆောင်များကို ပေါ်ထွန်း လာအောင် ပြုစု ပျိုးထောင်ပေး aနခြင်း jဖစ်သည်ဟု ယုံကြည်ကြောင်း ပညာသင် aထာက်ပံ့ဆုရ ကျောင်းသားများ တစ်ဦးဖြစ်သော ရန်ကုန် ပညာရေး တက္ကသိုလ် နောက်ဆုံးနှစ် aကျာင်းသား မောင်ဇော်ထွန်းမှ ပြောကြား ခဲ့သည်။
ရခိုင်သဟာရအသင်း (ရန်ကုန်)သည် ၁၉၆၁ခုနှစ်တွင် လူမှုအဖွဲ့အစည်းတစ်ခု အဖြစ်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး၊ နှစ်ပေါင်း ၂၀ကြာမြင့်ပြီးနောက် ၁၉၈၁ ခုနှစ်တွင် ကျောင်းသားများကို ပညာသင် aငွကြေးထောက်ပံ့ aပးသော အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။
ပညာသင်ဆုလျှောက်ထားနိုင်သော လျောက်လွှာများကို နှစ်စဉ် အောက်တိုဘာလတွင် စတင် ထုတ်ပြန်လေ့ ရှိပြီး ဒီဇင်ဘာလတွင် ထောက်ပံ့ပေးမည့် ကျောင်းသား များကို နောက်ဆုံးထား aရွးချယ်လေ့ ရှိကြောင်း သိရှိရသည်။
မဇ္ဈိမသတင်း by ထူးထက်နိုင်
Originally published at - http://mizzimaburmese.com/article/12284


0 comments:
Post a Comment