Thursday, 12 May 2016

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်စွဲတဲ့အသင်း သိန်း ၃၀၀ ရမယ်

MWD Variety Channel , MWD Shopping Channel တို့မှာ ပွဲစဉ်တွေကို တိုက်ရိုက်ပြသသွားမည်ဖြစ်ပြီး မြဝတီရုပ်မြင်သံကြားမှလည်း အရေးကြီးပွဲစဉ်များ ပြသသွားမှာ ဖြစ်ပါတယ်။


မေလ ၁၈ ရက်မှ သြဂုတ် ၁၇ ရက်အထိ ပြုလုပ်သွားမယ့် ၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းမှာ ဗိုလ်စွဲတဲ့အသင်းကို ကျပ် သိန်း ၃၀၀ ချီးမြှင့်မယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်အသင်းတွေဟာ ပထမအဆင့်နဲ့ ၁၆ သင်းအဆင့်ထိ အဆင့်ငါးဆင့်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ အောင်ဆန်းကွင်းမှာ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

 

ပြိုင်ပွဲဝင်အသင်းတွေအတွက် ပွဲစဉ်ကို မေလ ၁၁ ရက်နေ့မှာ မဲနှိုက်ရွေးချယ်ပေးခဲ့ကြပြီး ပထမအဆင့်အဖြစ် မောရဝတီနဲ့ ဆောက်သမ်းမြန်မာ၊ ရခိုင်နဲ့ စီးတီးစတား၊ GFA နဲ့ မြ၀တီ၊ ဖုန်ဂန်နဲ့ Horizon ၊ ငွေကြယ်ပွင့်နဲ့ ချင်း၊ တက္ကသိုလ်အသင်းနဲ့ နေပြည်တော်၊ မဟာနဲ့ သန်လျင်၊ မနောမြေအသင်းနဲ့ ဒဂုံအသင်းတို့ စတင်ယှဉ်ပြိုင်ရမှာပါ။ အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့ အသင်းတွေကို ကျပ် ၇၅ သိန်းစီ ချီးမြှင့်မှာဖြစ်ကာ ဗိုလ်လုပွဲမှာ ဒုတိယတဲ့အသင်းကိုလည်း ကျပ် သိန်း ၁၅၀ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
Source : MFF, 7Day Daily
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate