Wednesday, 11 May 2016

ဂူအတွင်း ၀င်ရောက်ပုန်းအောင်းသူ တရားခံပြေးအား မီးခိုးမှိုင်းတိုက် ပစ်ခတ်ဖမ်းဆီး

၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ထုံးအိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးအမှုမှ ကွင်းဆက်တရားခံစုံစမ်းရန် ကော့မရမ်း ရွာအနီး ကျောက်ဖြူတောင်ခြေ၌ သွားရောက်စောင့်ဆိုင်းနေစဉ် လူငယ်အချို့အား မူးယစ်ဆေးဝါး ရောင်းချနေသူ ဘားအံမြို့၊ (၉)ရပ်ကွက်နေ စောအောင်ထွဋ်(ခ)တောင်ကြီး(၁၉)နှစ်ကို တွေ့ရှိ ဖမ်းဆီးရမိစစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ကျောက်ဖြူတောင်ခြေဂူအတွင်း နေထိုင်သည့် တစ်ရပ်ကွက်တည်းနေ မူးယစ်ဆေးဝါးအမှုမှ တရားခံပြေး ဇာနည်(၃၁)နှစ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဝယ်ယူကာ တစ်ဆင့်ပြန်လည်ဖြန့်ဖြူး ရောင်းချနေကြောင်းသိရှိရသည်။
 ပူးပေါင်းအဖွဲ့သည် ကျောက်ဖြူတောင်ဂူသို့သွားရောက်ပြီး ဇာနည်အား လိုက်လံရှာဖွေဖမ်းဆီးရာ ၎င်းမှာ ဂူထဲသို့ဝင်ပြေး သွားသဖြင့် ပြန်ထွက်လာရန် မီးခိုးမှိုင်းတိုက်စဉ် ဇာနည်က လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ် ခဲ့သည်။

 ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် နယ်မြေခံတပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ ထပ်မံရောက်ရှိလာကာ ဂူအတွင်းသို့ မီးခိုးဗုံး(၂)လုံးပစ်ထည့်ပြီး တပ်မတော်သား(၂)ဦးနှင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးတို့က ကျည်ကာ ဦးထုပ်/ အင်္ကျီများဝတ်ဆင်ကာ ဝင်ရောက်ရှင်းလင်းရာ ဇာနည်က သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးရာ ဇာနည်အား ယာပေါင်သေနတ်ထိမှန် ဒဏ်ရာ(၁)ချက်ဖြင့် ဖမ်းဆီးရမိခဲ့သည်။

 ဂူအတွင်းမှ စနိုက်ပါ တပ်ပွိုင့်(၂၂)သေနတ်(၁)လက်၊ ပွိုင့်(၂၂)ကျည်အ(၁)တောင့်၊ ၉ မမကျည်အ (၃)တောင့်၊ စိတ်ကြွ ရူးသွပ်ဆေးပြား(၇၇၉)ပြား၊ မြန်မာငွေကျပ်(၂,၈၈၀,၀၀ဝိ/-)၊ လက်ကိုင်ဖုန်း(၃)လုံး၊ အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။




 စစ်ဆေးချက်အရ ဇာနည်သည် လွန်ခဲ့သော(၂)ရက်ခန့်က နောင်ခလိုင်ရွာနေ ထိကျယ်(စိစစ်ဆဲ)ထံမှ မူးယစ်ဆေးဝါးများအား ဝယ်ယူပြီး ပြန်လည်ရောင်းချသုံးစွဲရာမှ ကျန်ရှိသည့်ဆေးပြားများဖြစ်ကြောင်း သိရှိရသဖြင့် ဇာနည်၊ စောအောင်ထွဋ်(ခ)တောင်ကြီးနှင့် ထိကျယ် (စိစစ်ဆဲ)တို့အား ထုံးအိုင်နယ်မြေရဲစခန်းမယ(ပ)၁၉/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁/၂၂(ခ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် အဆိုပါနေရာ ဝန်းကျင်သို့ ရောက်ရှိလာသော လူငယ်(၂၅)ဦးအားရှာဖွေရာ မူးယစ်ဆေးဝါးတစ်စုံတစ်ရာ မတွေ့ရှိသဖြင့် ပြည်နယ်ဝန်ကြီးချုပ်က ဆုံးမစကားပြောကြားကာ ခံဝန်ဖြင့် မိဘ/အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံရန် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

သစ်ထူးလွင်
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate