Thursday, 12 May 2016

မင်းပြားမြို့နယ်တွင် ၅ လအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂၈ ဦးရှိပြီ

13179271_274297662909692_6548551257554327182_n
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကထက် ယာဉ်မတော်တဆဖြစ်ပွားမှု ပိုများလာပြီး ၂၀၁၆ နှစ်စကနေ အခုထိ သေဆုံးသူ ၂၈ ဦး ရှိသွားပြီဖြစ်ပါတယ်။
မင်းပြားမြို့နယ်ဘက်မှာ ပြီးခဲ့နှစ်ကထက် အခုနှစ်ယာဉ်တိုက်မှုဖြစ် ပိုမိုဖြစ်ပွားနေတာကြောင့် ယာဉ်တိုက်မှု လျှော့ချရေးအတွက် စီစဉ်ဆောင်ရွက်သွားမယ်လို့ မင်းပြားမြို့နယ် ရဲအုပ် စိန်ထွန်းဦးက ပြောပါတယ်။
“ဒီနှစ်က တော်တော်များတယ်ဗျ။ ဒီနှစ် ၅ လပိုင်းပဲရှိသေးတယ်။ ယာဉ်တိုက်မှုဖြစ်လို့ သေဆုံးတဲ့သူတွေ ၂၈ နှစ်ယောက်တောင်ရှိနေပြီ။ အရင်နှစ် ၂၀၁၅ ခုနှစ်ဆိုရင် တစ်နှစ်လုံးယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂၁ ဦးပဲရှိတယ်ဗျ။ ဒီနှစ်များလာတယ်ပေါ့လေ။ ဒါတွေကိုလျှော့ကျအောင်ကျနော်တို့ လုပ်ဆောင်သွားဖို့ အစီစဉ်တွေရှိပါတယ်။

မေ ၁၁ ရက်နေ့ နေ့လယ်ပိုင်းကလည်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ အဝရွာအုပ်စု၊ ရန်ကုန်-စစ်တွေကားလမ်း ဖားပြို ကျေးရွာရဲ့ တမိုင်လောက်အကွာ မိုင်တိုင်အမှတ်(၉၀/၃) မှာ မေ ယာဉ်တိုက်မှုဖြစ်ပွားလို့ ၃ ဦး သေဆုံးသွားပါတယ်။
စစ်တွေကနေ မန္တလေးကို ထွက်ခွာလာတဲ့ နန်းတော်ဝင် ခရီးသည်တင်ကားနဲ့ တရုတ်နိုင်ငံထုတ် CZI-125 အနက်ရောင်မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူ ၃ ဦးအနက် ၂ ဦးမှာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ကျန် ၁ ဦးကတော့ ဒဏ်ရာပြင်းထန်လို့ မင်းပြားဆေးရုံမှာ သေဆုံးသွားတယ်လို့ မင်းပြားမြို့နယ် ရဲအုပ် စိန်ထွန်းဦးက ဒီဗွီဘီကိုပြောပါတယ်။
’’စစ်တွေက မန္တလေးကို ထွက်ခွာလာတဲ့ နန်းတော်ဝင် ခရီးသည်တင်ကားနဲ့တိုက်တာပါ။ ခရီးသည်တင်တဲ့ကား အရှိန်ပြင်းပြင်းနဲ့မောင်းလာတယ်။ အဲ့ဒီနားမှာ တံတောင်ဆစ်လိုပုံစံမျိုးအကွေ့ရှိ တယ်ပေါ့လေ။ အကွေ့မှာ ကားသမားက အရှိန်မထိန်းနိုင်တော့ဘူး။ မျက်နှာချင်းဆိုင်တိုက်မိတာ။ ဆိုင်ကယ်ပေါ်မှာ စီးလာတဲ့ သူကသုံးယောက်ပါတယ်။ ဆိုင်ကယ်နောက်က စီးလာတဲ့ နှစ်ယောက်ကတော့ နေရာမှာဆုံးသွားတယ်။ ရှေ့ကဆိုင်ကယ်မောင်းတဲ့ ညီသန်းဌေးဆိုတဲ့ တစ်ယောက်က မင်းပြား ဆေးရုံမှာ ဆုံးသွားပါတယ်။”
ယာဉ်တိုက်မှုကြောင့် ကားပေါ်ပါခရီးတွေ ထိခိုက်ဒဏ်ရာသူမရှိဘူးလို့ ဆိုပါတယ်။
ဆိုင်ကယ်မောင်းနှင်းလာသူ သေဆုံးသွားသူတွေကတော့ မင်းပြားမြို့မှာ နေထိုင်သူတွေ ဖြစ်ကြပြီး ကိုမောင်လှိုင် အသက် ၃၂ နှစ်၊ ကိုကျော်စိုး အသက် ၂၂ နှစ်နဲ့ ကိုညီသန်းဌေး အသက် ၂၀ နှစ်တို့ဖြစ်ကြပါတယ်။
13151851_274297722909686_5173957840725493989_nနန်းတော်ဝင်ကား ယာဉ်မောင်း ကိုကျော်ကျော်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (ယာဉ်)ပ/၂၈ ပုဒ်မ ၃၀၄-(က) အရ မင်းပြားရဲစခန်းက အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ ရဲအုပ်က ပြောပါတယ်။
နိုင်ငံတ၀န်းက မြို့နယ်အချို့မှာတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးတာ၊ လက်ကမ်းစာစောင်တွေ ဝေငှတာတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
သတင်း- ဝဏ္ဏခွာညို၊ ဓာတ်ပုံ – ခိုင်လင်းထွန်း
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate