Sunday, 15 May 2016

ဘာသာစကားတိ ပျောက်ကွယ်လားနီရခြင်း

အသံဖိုင် နားဆင်ရန်.............
ရခိုင်ဆိုစွာ
--------
ရခိုင်ဆိုစွာ..
တယောက်တည်းထိုင် လဒမှိုင်လို့ ပျင်းရေဆိုပနာ အဖော်ရှာရေ --။
ရခိုင်ဆိုစွာ..
တယောက်က နှစ်ယောက် စုပြီးအဖော် ရပြီးသော်ကား ပျော်ရေဆိုပနာ ပုလင်းကိုင်လို့ ဇာတိနာကို ထုတ်ပြရေ -
ရခိုင်ဆိုစွာ..
အယစ်ရည်ဖတ် ကိုယ့်ခြီထောက်ကို ကိုယ့်မနိုင်ခါ
“ငါ့ဝေး…ရခိုင်” ပုလင်းကိုင်းယင်း အမျိုးချစ်ကြောင်း ဖင်ဟောင်းလောင်းနန့် ခတောင်းမပါ လူတိရှိမှာ ရူးခြင်းပေါ်ရေ --။
ရခိုင်ဆိုစွာ..
ဝိုင်းကာသောက်ကာ ဇာတိနာကို ပုလင်းထောင်ယင်း သောက်နီယင်းမှာ မဆုံးပါသိမ့် ရခိုင်အချင်းချင်း ဓားဆွဲဒုတ်ဆွဲ ကော်ပနာဆဲကေ ထိုးကတ်သတ်ကတ် ခွတ်ကတ်ပြန်ရေ --။
ရခိုင်ဆိုစွာ..
“အမျိုးသီလ နှစ်ဌာနကို စောင့်နိုင်ခ” လို့ ပိုင်ဆိုင်ခရ ဒေနာမကို ဆက်ပြီးကေရာ မထိမ်းပါကေ
နောင်လာနောက်သား ရခိုင်များအတွက် မှတ်တမ်းတင်ခါ ရခိုင်ဆိုစွာ ဟောင်ဖွာ ဟောင်ဖွာ --။
ကျောက်ဖြူသားချေ
(၃၀-၆-၂၀၀၉)

ဘာသာစကားတိ ပျောက်ကွယ်လားနီရခြင်း
------------------------------
ကုလသမဂ္ဂဌါနခွဲတခုဖြစ်တေ ယိုင်ကျေးမှုထိန်းသိမ်းရေ အေဂျင်စီ ယူနက်စကို (UNESCO) အဖွဲ့က ကမ္ဘာမှာ ပြောဆိုသုံးစွဲနီကတ်တေ ဘာသာစကားပေါင်း ခြောက်ထောင်ထဲက သုံးပုံတပုံစွာ မျိုးတုံးဆိတ်သုဉ်း ပျောက်ကွယ်လားဖို့ အန္တရာယ်နန့် ရင်ဆိုင်နီကတ်ရရေလို့ ထုတ်ဖော်ပြောဆိုလိုက်ပါရေ။ ဒေပိုင် အခြိမ်းခြောက်ခံနီရရေ ဘာသာစကားနှစ်ထောင်ကို မပျောက်ပျက်လားအောင် ထိန်းသိမ်းစောင့်ယှောက်ဖို့ အစိုးရပိုင်းဆိုင်ရာ တာဝန်ယူလုပ်ဆောင်မှုတိ ဟိဖို့လိုအပ်တေပိုင် လူတိကလည်း သူရို့ဘာသာစကားတည်တံ့ကျန်နီစီဖို့ “ကိုယ့်ရို့စကားကို ကိုယ်ရို့ပြောကတ်ခြင်း” ကို တန်ဖိုးထားဂုဏ်ယူကတ်ဖို့ အေယူနက်စကိုအဖွဲ့ချူပ်က တိုက်တွန်းလိုက်ပါရေ။
ဘာသာစကားတခုနိဂုံးချူပ်သီဆုံးလားတိုင်း တန်ဖိုးမဖြတ်နိုင်ရေ ဓလေ့ထုံးတမ်းစိုင်လာယိုင်ကျေးမှုအမွီအနှစ်တိ မျိုးဆက်တိနန့်ရင်းပနာ စုဆောင်းထိန်းသိမ်းလာကတ်တေ အသိပညာ၊ ကဗျာစာပီဂီတ၊ သမိုင်းရိုးရာ၊ ဂန္ဓ၀င်အနုပညာ လက်ရာကောင်းတိအားလုံး ဆုံးယှုံးလားကတ်ရရေလို့ ဒေအဖွဲ့ကြီးက ထောက်ပြပြောဆိုပါသိမ့်ရေ။ ၂၀၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ အလက်စကားပြည်နယ်၏မူရင်းဘာသာစကားကိုပြောတတ်တေ နောက်ဆုံးတယောက်တည်းရာကျန်ရေ အသက် ၈၉ နှစ် ၀ါကြီးမ အီးယာခ် (Eyak) ကွယ်လွန်လားရေခါ ဘာသာစကားလည်း ကပ်ပါလားခရပါရေ။
ဘာသာဗေဒပညာသျှင်အများစုက အခုလက်ဟိ ကမ္ဘာ့ရွာထဲက ဘာသာစကားခြောက်ထောင်မှာ အနည်းဆုံးတ၀က်လောက်က သက္ကရာဇ် ၂၀၅၀ မှာ ပျောက်ကွယ်သီဆုံးလားနိုင်ရေလို့ ခန့်မှန်းထားကတ်ပါရေ။ ဘာသာစကားတိ မျိုးတုံးပျောက်ကွယ်ခြင်းရေ အယင်ခါထက်နှစ်ဆမြင့်ပါလတ်ပနာ အေပုံစံအတိုင်းရှိဆက်ပြီးကေလားနီကေ အနာဂါတ်ကမ္ဘာမှာ တဒါဇင်နှစ်ဒါဇင်လောက်ဘာသာစကားတိကရာ လွှမ်းမိုးချူပ်ကိုင်ထားနီလီဖို့လို့ သုံးသပ်ကတ်ပါရေ။ အေချင့်ထက်ဆိုးရေ ပျက်စီးဆုံးယှုံးမှုနှုန်းမြင့်တက်လာခြင်းတိ ဖြစ်လာနိုင်ပနာ ၉၀ ရာခိုင်နှုန်းလောက် ဘာသာစကားတိ သက္ကရာဇ် ၂၁၀၀ မှာ မျိုးပြုန်းလားခြင်းတိ ဖြစ်လာနိုင်ရေလို့ အကြံပြုထောက်ပြရေ ဘာသာဗေဒပညာသျှင်တိလည်း ဟိပါသိမ့်ရေ။ ဒေပိုင် ကြုံတွိလာနိုင်ရေ ဘာသာစကားတိပျောက်ကွယ်လားနီခြင်း အခြီအနီဆိုးကို တမျိုးတဖုံဖြစ်လားအောင်ပြောင်းလဲလာစီဖို့ လိမ်မာပြီးကေ ဥာဏ်အမြော်အမြင်ကြီးရေ သူရို့ဘာသာစကားပျောက်ပျက်လားဖို့စွာကို စိုးရိမ်ရေ လူမျိုးတိက အခုအချိန်ကပင်စပနာ ကိုယ်ပိုင်ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုသုံးစွဲခြင်းတိ ထိန်းသိမ်းစောင့်ယှောက်ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ခြင်းတိကို ဆောင်ရွက်လားပြီးကေ အကောင်းဆုံးအဖြေရှာလားနိုင်ရေ ကိုယ်ရို့ဘာသာစကားအန္တရာယ်ကျရောက်နီခြင်းက ကာကွယ်လားသင့်ရေလို့ ပညာသျှင်တိက တိုက်တွန်းထားပါရေ။
ခိုင်မာသန်စွမ်းရေ ဘာသာစကားတခုကို အဓိပ္ပါယ်ဖွင့်ဆိုရဖို့ဆိုကေ စကားပြောရေလူသစ်တိ စိုင်ဆက်မပြတ်ဟိနီခြင်းပင်ဖြစ်ပါရေ။ လက်ဟိလူကြီးတိ ဇာလောက်ပင် ယင်းဘာသာစကားကို သုံးနီကတ်ပတ်စီ ဒေဘာသာစကားကို လက်ဆင့်ကမ်းပီးလားဖို့ မျိုးဆက်သစ်တိမဟိကေ ဒေဘာသာစကား၏ကံကြမ္မာစွာ မှေးမှိန်အရောင်နွမ်းလားဖို့စွာ ကျိန်းသီနီပါရေ။ နှစ်ပေါင်းထောင်နန့်ချီပြီးကေ ဘာသာစကားတခုတည်တံ့လာကေလည်း ဒေနိကာလမှာ အချေသူငယ်တိက ဒေဘာသာစကားသင်ယူခြင်းကို ရပ်ပစ်လိုက်စွာနန့် အေဘာသာစကား နိဂုံးချူပ်လားဖို့စွာပါပျာယ်။
လူမျိုးတမျိုးဖြစ်ခြင်း၏ဂုဏ်အင်္ဂါလက္ခဏာရပ်ဖွံ့ဖြိုးတိုးတက်လာခြင်းနန့် ယိုင်ကျေးမှုထွန်းကားလာခြင်းတိကို ဘာသာစကားကရာ ပုံဖော်ပီးနိုင်ပါရေ။ လူမျိုးတမျိုးအဆင့်ဟိခြင်းကို ဘာသာစကားနန့်ရာ တိုင်းတာနိုင်ပါရေ။ ဘာသာစကားပျောက်ကွယ်လားစွာနန့် လူမျိုးတမျိုးဖြစ်ခြင်း၏အနှစ်သာရ တည်တံ့ရှင်သန်ခြင်းတိလည်း နိဂုံးချူပ်လားနိုင်ပါရေ။
ဘာသာစကားတခု လူမျိုးတမျိုး၏ပင်မသုံး ယုံးသုံးအနီအထားက ပျောက်ကွယ်လားပြီးခါမှ ယင်းလူမျိုး၏ကိုယ်ထူကိုယ်ထ ထိန်းသိမ်းမှုနန့် ပြန်ပြီးကေ နိုင်ငံသုံးဘာသာစကားအဖြစ် အသက်ဝင်လာစွာတိလည်း ဟိပါသိမ့်ရေ။ ပြန်ရှင်ပါလတ်တေ ဘာသာစကားတခုက အခုအစ္စရေးနိုင်ငံသား ဂျူးလူမျိုးတိ ပြောဆိုသုံးစွဲနီကတ်တေ ခေတ်သစ် ဟီဘရူး (Hebrew) ဘာသာစကားပင်ဖြစ်ပါရေ။ ဒေဘာသာစကားက ရာစုနန့်ချီပနာ လူမျိုးသုံးနိုင်ငံသုံးဘာသာစကားအဆင့်က ပျောက်ကွယ်လားပြီးကေ ဘာသာရေးနန့် ပညာရပ်ဆိုင်ရာဘာသာစကားအဖြစ် ကျန်ဟိနီခပါရေ။ ယကေလည်း လားရေနီရာ ရောက်တေအရပ်နန့် နီရေတိုင်းပြည်နိုင်ငံတိုင်းမှာ ဂျူးလူမျိုးအသိုင်းအ၀ိုင်းတိက သူရို့ဘာသာစကားကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ယှောက်လားပြီးကေ ၁၉ ရာစုနှောင်းပိုင်းမှာ ဒေ ဟီဘရူးဘာသာကို အယ်လီဇာ ဘမ် ယေဟူဒါ (Eliezer Ben-Yehuda) ၏ ဦးဆောင်မှုနန့် ပါလက်စတိုင်းဒေသမှာ ပြန်ပနာ ဂျူးလူမျိုးတိပြောဆိုရေစကားအဖြစ် မိတ်ဆက်အသက်သွင်းလာနိုင်ပြီးကေ အစ္စရေးနိုင်ငံထူထောင်လာရေခါ ကျောင်းတိမှာသင်ကြားပို့ချပနာ အဓိကပင်မ ဘုံယုံးသုံးဘာသာစကားတခုအဖြစ် ပြဌါန်းနိုင်ခစွာ အေနိထက်ထိပင်ဖြစ်ပါရေ။
ရခိုင်ရို့ဘာသာစကားကလည်းသော့ ဒေနိကာလမှာ မျိုးတုံးပျောက်ကွယ်လားဖို့ စိုးရိမ်ရရေအဆင့်ကို ရောက်ပါလတ်ပါရေ။ နှစ်ပေါင်းထောင်နန့်ချီပနာတည်တံ့လာရေ ဒေရခိုင်ရို့ဘာသာစကား၊ စာပီနိဂုံးချူပ်လားစွာနန့် ရခိုင်လူမျိုးလည်း ကမ္ဘာ့မြီပြင်ထက်က ပျောက်ကွယ်လားဖို့စွာ ကျိန်းသီနီပါရေ။ ကိုယ်ရို့ဘာသာစကားစာပီ မပျောက်ပျက်လားအောင် ထိန်းသိမ်းစောင့်ယှောက်ရဖို့စွာက ရခိုင်သားတိုင်း၏ မွီးရာပါတာဝန်ဝတ္တရားတခု ဖြစ်ပါလတ်ပါရေ။ ရခိုင်စကားကိုပြော ရခိုင်စာကိုရွီးလို့ ရခိုင်ဖြစ်ခြင်းကိုဂုဏ်ယူကတ်ခါမှ အဖိုးအဖီးရို့လက်ဆင့်ကမ်းပီးခရေ အမွီအနှစ်ကို မြတ်မြတ်နိုးနိုးတန်ဖိုးထားရာရောက်ပါဖို့။ နောက်လာနောက်သား မျိုးဆက်သစ်တိကိုလည်း ရခိုင်ရို့ကိုယ်ပိုင်ယိုင်ကျေးမှု အစိုင်အလာကောင်းတိကို မျှဝီပီးလားနိုင်ဖို့ ကိုယ့်ရိုးရာစာပီကို မြှင့်တင်လားပနာ သမိုင်းပီးတာဝန်ကို ထမ်းဆောင်လားကတ်ပါမည်။
ခိုင်အောင်အောင်
(၀၄၊ ၀၇၊ ၂၀၀၉)
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate