Friday, 12 January 2018

သားဖြစ်သူ ရိုက်သတ်၍ ဖခင်သေဆုံး


၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့် က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကော့အိမ်ဆိုင် ကျေးရွာ၌ သားဖြစ်သူမှ စိတ်ဖောက်ပြန်ကာ ၀ါးရင်းပိုင်းအစိုဖြင့် ရိုက်နှက်၍ ဖခင်ဖြစ်သူ သေဆုံးသွားကြောင်း သိရပါသည်။

အဆိုပါ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ သွား ရောက်စစ်ဆေးရာ ဦးဖေတင်(၆၀)နှစ်တွင် နဖူးကွဲကြေ၊ နှာခေါင်း ချိုင့်ဝင်၊ မျက်လုံး ၂ လုံး ပေါက်ထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ၍ လှိုင်းဘွဲမြို့ ပြည်သူ့ ဆေးရုံသို့ ပို့အပ်ခဲ့ပါသည်။

 အဆိုပါဖြစ်စဉ်အား မေးမြန်းရာ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၁၀း၃၀ အချိန်တွင် ဦးဖေတင်(သေဆုံး)သည် မောင်ထက်ပို၊ ဦးဟာလိန်း(၅၀)နှစ်၊ မရင်သောင်း(၄၄)နှစ်တို့နှင့်အတူ ၎င်း၏ ခြံဝင်းအတွင်း ရိုးရာနတ်စားအိမ်ဆောက်လုပ်နေစဉ် ၎င်း၏သား ကျော်ပေါင်ကျီ(၂၉)နှစ် ရောက်ရှိ လာပြီး စိတ်ဖောက်ပြန်ကာ ဦးဖေတင်အား နတ်စင်အနီးရှိ ဝါးရင်းပိုင်းအစိုဖြင့် ရိုက်နှက်၍ အိမ်လှေကားထိပ်တိုင်တွင် ခြေ၊ လက် တို့အား နိုင်လွန်ကြိုးဖြင့် ချည်နှောင်ကာ သစ်သား တုတ်ဖြင့် ထပ်မံရိုက်နှက် ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ လူသတ်မှုအား ညနေ ၄ နာရီ ၅၀ အချိန်တွင် နောင်မြလွှဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောဝင်းထွန်း(၄၆)နှစ်မှ တိုင်တန်း၍ ကျော်ပေါင်ကျီ (ဖမ်းမမိ)အား ပိုင်ကျုံနယ်မြေရဲစခန်း (ပ)၁၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျက်ရှိပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate